အသိပေးခြင်း

ဒီဆိုဒ်မှာကွန်ပျူတာဆောလ်ဝဲလ်ပိုင်းဆိုင်ရာများကိုအထူးအလေးပေးတင်ပေးသွားမှာဖြစ်ပါတယ်....

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

သမိုင်းဝင်လှည်းဂျောတောစေတီ

ရှေးဟောင်းစေတီတစ်ဆူဖြစ်သောလှည်းဂျောတောစေတီသည် တနင်္သာရီတိုင်း၊ထားဝယ်မြို့၊ ရောင်းမော်ရွာ အ၀င်လမ်းတွင်တည်ရှိပါသည်.......

ကင်ဆာရောဂါနှင့်သင်္ဘောရွက်

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က......

Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Thursday, June 7, 2012

ဖေ့စ်ဘွတ်တည်ထောင်သူ Mark Zuckerberg မင်္ဂလာအခမ်းအနား ကျင်းပ



ဖေစ့်ဘွတ်တည်ထောင်သူ စီအီးအို Mark Zuckerberg ဟာ ပြီးခဲ့တဲ့ စနေနေ့ (မေလ ၁၉ ရက်နေ့) မှာ အိမ်ထောင်ပြုလိုက်ပြီလို့ သိရပါတယ်။

၉ နှစ်ကြာတွဲလာခဲ့တဲ့ သူ့ရဲ့ အမေရိကန်-တရုတ်ကပြားမလေး Priscilla Chan နဲ့လက်ထက်လိုက်ခြင်းဖြစ်ပြီး ဟားဗတ်စ်တက္ကသိုလ်မှာ စတင်တွေ့ရှိခဲ့ တဲ့ချစ်သူ ဖြစ်ပါတယ်။

ယင်းလက်ထက်ပွဲကို သူတို့ရဲ့မိတ်ဆွေ ၁၀၀ ဦးထက်မပိုသာ ဖိတ်ကြားခဲ့ပြီး ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ Priscilla Chan နဲ့ လက်ထပ်ပါတယ်ဆိုတဲ့ Life Event ကို Zuckerberg ရဲ့ Timeline မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

လက်ထက်ပွဲကို အများက Priscilla Chan ဆေးတက္ကသိုလ်မှ ဘွဲ့ရလို့ ဂုဏ်ပြုတဲ့အခမ်းအနားလို့တောင် ထင်မြင်ခဲ့ကြပါသေးတယ်။ သို့ပေမဲ့ မဂ်လာဆောင်အခမ်းအနားဖြစ်နေတော့ အံ့သြဝမ်းသာဖြစ်ခဲ့ကြပါတယ်။ အချိန်ကာလကြာ ချစ်ကြိုက်လာတဲ့ သူ့ချစ်သူနဲ့ တကယ်ပဲ ပေါင်းသင်းနိုင်ခဲ့ သော Zuckerberg ကို အချစ်ကံကောင်းသူလို့ သူ့ရဲ့ပရိသတ်များက ချီးကျူးထောပနာပြုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့မလ ၁၄ ရက်နေ့မှာ Zuckerberg ဟာ အသက် ၂၈ နှစ်ပြည့်ခဲ့ပြီး Priscilla Chan ကတော့ သူ့ထက် အသက်တစ်နှစ်ငယ်တယ်လို့ သိရပါတယ်။



ပါပီလေး (ခွေးပေါက်စလေး) အကြောင်း သိကောင်းစရာ

၁။ ခွေးကလေးသည် မျက်မမြင်၊ နားမကြား၊ သွားမပါပဲ မွေးဖွားသည်။

၂။ မွေးဖွားပြီး တစ်ပတ်အတွင်း ၉၀ ရာခိုင်နှုန်းသော အချိန်တွင် အိပ်သည်။ ၁၀ ရာခိုင်နှုန်းမှာ စားချိန်ဖြစ်သည်။

၃။ အသက် သုံးပတ်ကြာပြီးသောအခါ အနှံ့ခံ (အာရုံခံ) သည့်စွမ်းရည် တိုးတက်လာသည်။

၎။ ပါပီလေးတို့ တစ်ရက်ကို ၁၄ နာရီ အိပ်သည်။

၅။ အသက် တစ်နှစ်ပြည့်သော ပါပီလေးများကို အသက်ပြည့်ပြီးသော ခွေး များစု သတ်မှတ်သည်။ ယင်းအသက်အရွယ်တွင် ပါပီးလေးတို့ ခန္ဓာကိုယ် သည် အသက် ၁၅ နှစ်အရွယ် လူသားတို့ပိုင်ဆိုင်သော ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနှင့် ညီမျှသည်ဟု သတ်မှတ်သည်။



ဧရာမကြောင် (သို့မဟုတ်) ဂါဖီး



ပေါင် ၄၉ (၁၈ kg) အလေးချိန်ရှိတဲ့ ကြောင်ကြီးကို Telegraph သတင်းဌာနမှ တကယ့် ဂါဖီးအစစ်လို့ သတ်မှတ်ဖော်ပြခဲ့ပါတယ်။



Wednesday, June 6, 2012

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ဌာပနာတိုက်အကြောင်း


လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏အောက် ပေ ၆၀-ခန့်တွင် ဆံတော်တွင်း ဌာပနာတိုက်ကြီး ရှိသည်။ ဗုဒ္ဓမြတ်စွာ၏ ဆံတော်မြတ်များသည် ကရဝိက်ရွှေလှေပေါ်တွင် ကိန်းဝပ်လျက်ရှိသည်။ ဆံတော်တို့ ကိန်းဝပ်ရာ ဌာပနာတိုက်သည် ဗိသုကာလက်ရာအားဖြင့် အံ့မခန်း ဆန်းကြယ်လှသည်ဟု ဆံတော်ဌာပနာတိုက်သို့ ဝင်ရောက်ခဲ့ဖူးသည်ဆိုသူ အာမေးနီးယားလူမျိုး မစ္စတာဒီ အက်စအပရမေ (၇၃)နှစ်က ယနေ့ ကြေးမုံနှင့်တွေ့ဆုံရာတွင် ပြောပြလိုက်သည်။
နှစ် ၆၀-ကျော်---
မစ္စတာအပရမေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀-ကျော် (၁၉၀၄)ခုနှစ်က ဆံတော်ကိန်းဝပ်ရာ ဌာပနာတိုက် အတွင်းသို့ ဆင်းသက်ကြည့်ရှုဖူးခြင်းဖြစ်သည်ဟု ဆို၏။
ဂေါပက---
မစ္စတာအပရမေက ရွှေတိဂုံစေတီ ဌာပနာတိုက် တည်ဆောက်ထားပုံကို ပုံစံဆွဲကာ ရွှေတိဂုံဂေါပကအဖွဲ့သို့ တင်ပြထားရာ ဂေါပကအဖွဲ့ဝင်များကလည်း မစ္စတာအပရမေကို တွေ့ဆုံမေးမြန်းပြီး ထိုနေရာကို လိုက်လံပြသစေသည်။
ဌာပနာတိုက်လိုဏ်ဂူမှာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်းနေရာတွင် ရှိသည်ဆိုသော်လည်း နောက်တိုးတန်ဆောင်းနှင့် ဘုရားများ ထပ်မံမွမ်းမံပြင်ဆင် ထားမှုကြောင့် အတိအကျ ပြသနိုင်ခြင်းမရှိဘဲ ဆုတောင်းပြည့်စေတီ၏ လိုဏ်ဂူအောက်တွင်ရှိမည်ဟုသာ ခန့်မှန်းညွှန်ပြသွားနိုင်သည်ဆို၏။
သော့ခတ်---
အထူးအဆန်း မြင်တွေ့လိုသူများ၊ မသမာသူများ နှောင့်ယှက်နိုင်ခြင်းမရှိစေရန် ဆုတောင်းပြည့် စေတီ လိုဏ်ဝကို ဂေါပကအဖွဲ့က သံတံခါးပိတ် သော့ခတ်ထားလိုက်ပြီး မစ္စတာအပရမေ၏ တင်ပြချက်များကို
လေ့လာစူးစမ်းလျက် ရှိသည်ဟု သိရသည်။
ငယ်ငယ်ရွယ်ရွယ်---
မစ္စတာအပရမေကို ယနေ့ကြေးမုံက တွေ့ဆုံမေးမြန်းရာတွင် (၁၉၀၄)ခုနှစ်၊ မိမိအသက် ခုနစ်နှစ်သားအရွယ်တွင် သူငယ်ချင်းဖြစ်သူ ဘမွှေး၊ ဘနှစ်၊ ဘအေး၊ မောင်ချစ် ဆိုသူတို့နှင့်အတူ ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့ကြပါသည်။
ရသေ့ကြီး---
ရွှေတိဂုံရင်ပြင်တော်၏ အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) ရှိ ဌာပနာတိုက်အဝသို့ ရောက်သောအခါ ရသေ့ကြီးတပါးကိုတွေ့၍ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲသို့ ဆင်းခဲ့ကြပါသည်။
ယောဂီတွေ့---
ရသေ့ကြီး၏ ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲသို့ ဆင်းသွားရာတွင် လမ်းတလျှောက်လုံး ယောဂီဝတ်နှင့် နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇)ဦးကို (၈)ပေ, (၉)ပေခြား တယောက်ကျစီ တွေ့ရပါသည်။
( ၃၆)ခန်း---
ဌာပနာတိုက်အောက်ပိုင်းတွင် လှေကားထစ်များ ထပ်မံတွေ့ရပါသည်။ ပတ်ပတ်လည်၌ အခန်း (၃၆)ခန်းဖွဲ့လျက် အုတ်များဖြင့် တည်ဆောက်ထားပါသည်။ အလယ်တိုင်မရှိဘဲ ခံ့ညားစွာ အခိုင်အမာတည်ဆောက်ထားသည်။
ရေတွင်း---
အခန်း ၃၆-ခန်း၏ အလယ်ဗဟိုတွင် (၁၀)ပေပတ်လည်ခန့်ရှိ ရေတွင်းတတွင်း ရှိပါသည်။ ထိုရေတွင်းသည် ပင်လယ်ရေအတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်ပါသည်။
ကရဝိက်လှေ---
ထိုရေတွင်းထဲ၌ အလျား ၆-ပေခွဲခန့်ရှိ ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော ကရဝိက်လှေတစင်းကို တွေ့ရပါသည်။ ထိုလှေသည် ဒီရေအတက်အကျအလိုက် ရေတွင်းထဲ၌ အနိမ့်အမြင့် လှုပ်ရှားနေပါသည်။ ထိုလှေသည် ထိုခေတ်ကာလ၌ တန်ဖိုးအရပင် လေးသိန်းထက်မနည်း တန်မည်ဟု ခန့်မှန်းရကြောင်း လူကြီးသူမများ ပြောကြားခဲ့သည်ကို ကြားခဲ့ရပါသည်။ ထိုကရဝိက်ရွှေလှေပေါ်တွင် ဆံတော်များဟု ယူဆရသော ဌာပနာများ ကိန်းဝပ်လျက်ရှိသည်ကို တွေ့ရပါသည်။ သို့သော် ပဝါလွှမ်းထား၍ ဆံတော်ဟု အတိအကျမပြောနိုင်ပါ။
လင်းထိန်---
ဌာပနာတိုက်၏ ထူးခြားချက်မှာ တခန်းလုံးလင်းနေခြင်းပင် ဖြစ်ပါသည်။ တခုသောအလင်းရောင်သည် ချိန်ခါမရွေး ရွှေလှေပေါ်သို့ ထိုးစိုက်ကျရောက်နေခြင်းကြောင့် ဖြစ်ပါသည်။
ဤမျှ ထုထည်ကြီးမားသော စေတီအဆောက်အအုံကြီးကိုပင် ပင်မအလယ်တိုင်မပါ၊ သံရက်မ , မရှိဘဲ ကျောက်တုံးကျောက်ခဲများဖြင့်သာ တည်ဆောက်ပြီး ပင်လယ်ရေ ဝင်ပေါက် ထွက်ပေါက်နှင့် အလင်းရောင်ယူထားပုံမှာ ရှေးဗိသုကာများ၏ ပြောင်မြောက်သော အံ့မခန်းလက်ရာဖြစ်ပါသည်။