Thursday, June 7, 2012

ဖေ့စ်ဘွတ်တည်ထောင်သူ Mark Zuckerberg မင်္ဂလာအခမ်းအနား ကျင်းပ



ဖေစ့်ဘွတ်တည်ထောင်သူ စီအီးအို Mark Zuckerberg ဟာ ပြီးခဲ့တဲ့ စနေနေ့ (မေလ ၁၉ ရက်နေ့) မှာ အိမ်ထောင်ပြုလိုက်ပြီလို့ သိရပါတယ်။

၉ နှစ်ကြာတွဲလာခဲ့တဲ့ သူ့ရဲ့ အမေရိကန်-တရုတ်ကပြားမလေး Priscilla Chan နဲ့လက်ထက်လိုက်ခြင်းဖြစ်ပြီး ဟားဗတ်စ်တက္ကသိုလ်မှာ စတင်တွေ့ရှိခဲ့ တဲ့ချစ်သူ ဖြစ်ပါတယ်။

ယင်းလက်ထက်ပွဲကို သူတို့ရဲ့မိတ်ဆွေ ၁၀၀ ဦးထက်မပိုသာ ဖိတ်ကြားခဲ့ပြီး ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ Priscilla Chan နဲ့ လက်ထပ်ပါတယ်ဆိုတဲ့ Life Event ကို Zuckerberg ရဲ့ Timeline မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

လက်ထက်ပွဲကို အများက Priscilla Chan ဆေးတက္ကသိုလ်မှ ဘွဲ့ရလို့ ဂုဏ်ပြုတဲ့အခမ်းအနားလို့တောင် ထင်မြင်ခဲ့ကြပါသေးတယ်။ သို့ပေမဲ့ မဂ်လာဆောင်အခမ်းအနားဖြစ်နေတော့ အံ့သြဝမ်းသာဖြစ်ခဲ့ကြပါတယ်။ အချိန်ကာလကြာ ချစ်ကြိုက်လာတဲ့ သူ့ချစ်သူနဲ့ တကယ်ပဲ ပေါင်းသင်းနိုင်ခဲ့ သော Zuckerberg ကို အချစ်ကံကောင်းသူလို့ သူ့ရဲ့ပရိသတ်များက ချီးကျူးထောပနာပြုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့မလ ၁၄ ရက်နေ့မှာ Zuckerberg ဟာ အသက် ၂၈ နှစ်ပြည့်ခဲ့ပြီး Priscilla Chan ကတော့ သူ့ထက် အသက်တစ်နှစ်ငယ်တယ်လို့ သိရပါတယ်။



0 comments:

Post a Comment